အခွန်စနစ်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေး

2016-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခွန်ကောက်ခံတဲ့စနစ်နဲ့ ပတ်သက်ပြီး ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဆွေးနွေးစဉ်
ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခွန်ကောက်ခံတဲ့စနစ်နဲ့ ပတ်သက်ပြီး ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဆွေးနွေးစဉ်
Photo: Win Naung Toe/RFA

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ အခွန်ကောက်ခံမှု စနစ်ကို ပြောင်လဲကျင့်သုံးဖို့ လိုအပ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံရရှိမှု အနည်းဆုံး နိုင်ငံဖြစ်နေတဲ့အတွက် အခွန်ကောက်ခံတဲ့စနစ်ကို ပြင်ဆင်ကောက်ခံသင့်တယ်လို့ ဒဂုံမဲဆန္ဒနယ်က ဒေါက်တာသက်သက်ခိုင် က ဆွေးနွေးသွားပါတယ်။

"ကျမတို့နိုင်ငံရဲ့ အခွန်ကောက်ခံမှုရရှိငွေဟာ အသုံးစရိတ်ထက် နှစ်စဉ်လျော့နည်းနေပြီး ဘဏ္ဍာရေးလိုငွေပြမှုဟာ နာတာရှည်ရောဂါလို စွဲကပ်နေတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ရာဇဝင်မှာ အစိုးရအဆက်ဆက်တွေဟာ အခွန်ကောက်ခြင်းလုပ်ငန်းတွေနဲ့ လုံးလည်ချာလည်လိုက်ခဲ့ကြပြီး လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေရတာပါ၊ ဒါကြောင့်မို့ အခွန်ကို ထိထိရောက်ရောက် ကောက်ခံနိုင်ဖို့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်"

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရငွေ စာရင်းတွေ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကိုအခြေခံပြီး ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးခဲ့ကြတာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်စနစ်ပြုပြင်ပြောင်းလဲရေး အတွက် ကမ္ဘာ့ဘဏ်၊ အပြည်အပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့အဖွဲ့ အစည်းတွေရဲ့ အကူအညီတွေနဲ့ ကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများရဲ့ ဒုတိယ ၆ လပတ် အခွန်ရငွေ စုစုပေါင်းဟာ ကျပ် ၃၉၅၆ ဘီလီယံ ရရှိကြောင်း ဝန်ကြီးဌာနရဲ့စာရင်းမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆ လအတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက်တဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြပေးထားပါတယ်။

ကွန်မင့်များ (1)
Share

ကောင်းပါသည် ။သို့ သော်

Budget ဆိုတာ Revenue = Expenditure အချိုးညီအောင်ချရတာပါ။ယခင်က အသုံး
စရိတ်တွေပဲများပီးနိုင်ငံဝင်ငွေ(အခွန်)ရရှိမူနဲလို့ နိုင်ငံခြားကချေး အတိုးနူန်းကများနဲ့ အ
ကြွေးသံသရာဖြစ်နေတာပါ။ဦးသိန်းစိန်အစိုး
ရလက်ထက်မှ အခွန်စကောက်လာတာယခု
အစိုးရတွင်လည်း အခွန်ကောက်ခြင်းကို အလေးပေးတာကောင်းပါသည်။ သို့ သော်
လုပ်ငန်းရှင်များကို ထိထိရောက်ရောက်
ကောက်သင့်ပီး အခြေခံတန်းစားနှင့် လူလတ်
တန်းစားများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေ သင့်ပါဖူး။ယခု စားသုံးခွန် ၅%ကို အစိုးရကို
ပေးနေရပီး ဝန်ဆောင်ခခွန် ၁၀% ကိုစားသုံး သူက စားသောက်ဆိုင်တွေကိုပေးရတာများ လွန်ပါတယ်။ယင်း၁၀%သည်နိုင်ငံတော်က မရပဲလုပ်ငန်းရှင်ရနေတာသဘာဝမကျပါဖူး။တနည်းအားဖြင့် လုပ်ငန်းရှင်၏ဝန်ထမ်း လစာကို ပြည်သူကပေးနေရတဲ့သဘော ဖြစ် နေပါတယ်။ဒါကြောင့်Services Charges
၁၀ %ကို နိုင်ငံတော်ကပြန်လည်သုံးသတ်သင့်
ပီး ၂% သာဖြစ်သင့်ပါတယ်။အကြောင်းမှာ ပြည်သူအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေလို့ ပါ။

Jul 29, 2016 09:46 AM

ဆိုက်တခုလုံးသို့