NLD ပါတီ မှတ်ပုံတင်ရေး အင်္ဂါနေ့ ဆွေးနွေးမည်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တရပ် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

0:00 / 0:00

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အဓိက ဥပဒေ ၂ ရပ်ကို ပြင်ဆင်ထားပြီး နောက်ထပ် ဥပဒေ တခုကို ဖြည့်စွက် ထားပါတယ်။ အခုလို ပြင်ဆင် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

"အခုပြင်လိုက်တာက 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်' လို့ အရင် သုံးနှုန်းထားတာကို 'လေးစားလိုက်နာရမယ်'၊ နောက်တခုက ကျနော်တို့ ပါတီဝင်တွေဟာ အကျဉ်းကျ မဖြစ်ရဘူး၊ အကျဉ်းကျရှိရင်လည်း ထုတ်ပယ်ရမယ် ဆိုတာ အဲဒါ ဖြုတ်လိုက်တယ်"

ဒီ ပြင်ဆင်ချက်ဥပဒေဟာ NLD ပါတီ မှတ်ပုံတင်ခွင့်ရအောင် ပြင်ဆင်ပေးလိုက်တာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက... ပါတီအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်သင့် မတင်သင့် ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့မှာ စတင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အခု ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမြင်တွေကို ဦးတင်အောင်ခိုင်က စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်။