အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝနဲ့ မိုင်းလားအဖွဲ့တွေနဲ့ တွေ့ ဆုံမည်

2016-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အထူးဒေသ ၄ က အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - မိုင်းလား အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် ရှမ်းပြည်နယ် လားရှိုးမြို့ကို ဒီနေ့ ရောက်ရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒေသဖံ့ွဖြိုးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးသွားမယ်လို့ အထူးဒေသ ၄ မိုင်းလားအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် က ပြောပါတယ်။

"ဒေါက်တာ တင်မျိုးဝင်း မလာတော့ဘူး။ ဦးသိန်းဇော်ပဲ ဦးစီးပြီးမှ လာမယ်။ ကျနော်တို့ အတွက်တော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနဲ့ နှစ်ခုပဲ ဆွေးနွေးမှာပါ။ အဲ့ဒါ မဆွေးနွေးခင်က ပြောလို့မရဘူးလေ၊ ရောက်လာမှပဲ ဖြစ်မှာ"

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ လားရှိုးမြို့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရိပ်သာမှာ ညအိပ်ပြီး မနက်ဖြန် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အထူးဒေသ ၂ ကို သွားရောက်ပြီး UWSP "ဝ" ခေါင်းဆောင်တွေနဲ့ ပန်ဆန်းမြို့မှာ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ မိုင်းလားမြို့မှာ အထူးဒေသ ၄ က မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်၊ ပလောင်၊ ရခိုင်နဲ့ ကိုးကန့်အဖွဲ့တွေနဲ့ တွေ့ဖို့ ရှိ မရှိ မသေချာသေး ပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့