လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

`ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကြား သွေးစည်း ညီညွတ်မှု ခိုင်မာဖို့ အတွက်ကတော့ အဖွဲ့ဝင်တွေ ကိုယ်တိုင်က ကြိုးစားရမှာ ဖြစ်ပါတယ်၊ ကိုယ်တိုင် ညီညွတ်ချင်တဲ့ ဆန္ဒ မရှိလို့ကတော့ ညီညွတ်ရေး တရား ဟောလည်းပဲ အချည်းနှီး ဖြစ်မှာပါ။ ...

မညီညွတ်လို့ ရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ကိုယ့်တိုင်းပြည် ပိုလို့ပိုလို့ ဒုက္ခရောက်မယ် ဆိုတာကိုတော့ သတိရစေချင် ပါတယ်`…… `နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူနဲ့ ထိတွေ့မှု ရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာပဲ ထိုင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ့်အဖွဲ့ရဲ့ လုပ်ငန်းတွေကိုလည်း သင့်တင့်သလို ကြည့်ရှု လေ့လာဖို့ လိုပါတယ်။ ဒီအကြောင်းတွေကြောင့် နယ်ခရီး ထွက်ဖို့ စီစဉ်တာပါ` လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရန်ကုန်မြို့က ကျောင်းသား ကိုလေးမော်၊ ပဲခူးမြို့က လယ်သမား ကိုကျော်ကျော် ၊ တာချီလိတ်က ကိုဖိုးသာအောင်၊ အမေရိကန် ပြည်ထောင်စုက ဒေါ်ခင်စန်းနွယ်နဲ့ Mrs. Ann Soe၊ ထိုင်းနိုင်ငံက မမွန်းနေလီ ၊ ဂျပန်နိုင်ငံက ကိုဟန်ဝင်းထွန်းနဲ့ ပြင်သစ်နိုင်ငံက ကိုမျိုးသူရိန်တို့ (၈) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ် ဖြေကြားထားပါတယ်။

0:00 / 0:00