ဖားကန့်မှာ ကုမ္ပဏီရုံး မီးရှိုှု့မှု ဖြစ်ပွား

2016-03-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေကျေးရွာမှာရှိတဲ့ သဘာဝ အကောင်းဆုံး ကျောက်မျက်ကုမ္ပဏီက တရုတ်လူမျိုးအဝယ်တော်ဖြစ်သူနဲ့ မြန်မာအလုပ်သမားတွေ စကားများရန်ဖြစ်ရာကနေ မြန်မာအလုပ်သမားတွေက ကုမ္ပဏီရုံးကို မီးရှို့လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က တရုတ်လူမျိုး အက်ကွီ(ခေါ်) ကိုကျော်သူနိုင်နဲ့ ကုမ္ပဏီဝန်ထမ်း ကိုစိုးမင်းအောင်တို့ ရန်ဖြစ်စကားများရာကနေ မြန်မာအလုပ်သမားတွေက မကျေနပ်တဲ့အတွက် ကုမ္ပဏီကို မီးရှို့လိုက်တာဖြစ်တယ်လို့ လုံးခင်း နယ်မြေရဲစခန်းက ဒုရဲအုပ် မိုးလွင်က ပြောပါတယ်။

"အဝယ်တော်ဖြစ်သူ အက်ကွီ(ခေါ်)  ကျော်သူနိုင် အဲ့ဒီကောင်လေးနဲ့ ကုမ္ပဏီရုံးစာရေးဝန်ထမ်း ဦးမင်းအောင်တို့ ရန်ဖြစ်စကားများပြီးတော့မှလေ အခုနက အက်ကွီ ဆိုတဲ့ ကောင်လေးကနေပြီးတော့ ကိုစိုးမင်းအောင်ကို ထိုးကြိတ်လိုက်လို့ နဖူးပေါ်မှာဒဏ်ရာရသွားတယ်၊ အဲ့ဒီမှာ ကုမ္ပဏီလုပ်သားတွေ ကနေပြီးတော့ အနိုင်ကျင့်စော်ကားတယ်လို့ ယူဆပြီးတော့မှ တရုတ်လုပ်သား အများစုအနေ နဲ့ နှစ်ထပ်ဆောင်ပေါ်မှာ တက်ရောက်ပြီးတော့ မီးရှို့ကြတယ်လို့ပြောတယ်၊ ကျနော်တို့ ကုမ္ပဏီ အလုပ်သမားတွေထဲကနေပြီးတော့မှ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့အတွက် ရှေ့ဆောင်လိုက်တဲ့ ဆူပူတဲ့ကောင်လေးနှစ်ယောက်ကို ရမန်ယူပြီးစစ်နေပါတယ်၊ လောလောဆယ်တော့ ကျနော်က အမှုစစ်ဆိုတော့ သက်သေ ၁ဝ ယောက်လောက်တော့ ကျနော် စစ်ပြီးသွားပြီခင်ဗျ၊ အဲ့ဒီအထဲမှာ မသင်္ကာ တရားခံ ၂ ယောက်ကိုတော့ ကျနော် ရမန်ယူပြီးတော့ စိစစ်နေပါတယ်ခင်ဗျ"

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် သဘာဝအကောင်းဆုံး ကျောက်မျက်ကုမ္ပဏီကို အမှုဖွင့်အရေးယူ ထားသလို မြန်မာကုမ္ပဏီအလုပ်သမား နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ကျပ်သိန်း၂၄၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အဝယ်တော်ဖြစ်သူ တရုတ်လူမျိုး အက်ကွီ(ခေါ်) ကိုကျော်သူနိုင်ကို တရားစွဲဆိုထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့