ကျောက်တောင်ကမ်းပါး ပြိုကျမှု ၆ ဦး သေဆုံး


2019.02.11
hpakant-landslide1

၂ဝ၁၉ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးရှိ အမြင့်ပေ ၁၅ဝ ကျော် ရှိသည့် ကျောက်တောင်ကမ်းပါး ပြိုကျမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူနေစဉ်။ ဓာတ်ပုံ - ဇော်မိုးထက်(ဖားကန့်)

hpakant-landslide2

၂ဝ၁၉ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးရှိအမြင့်ပေ ၁၅ဝ ကျော် ရှိသည့် ကျောက်တောင်ကမ်းပါး ပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဇော်မိုးထက်(ဖားကန့်)

hpakant-landslide3

၂ဝ၁၉ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးရှိအမြင့်ပေ ၁၅ဝ ကျော် ရှိသည့် ကျောက်တောင်ကမ်းပါး ပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဇော်မိုးထက်(ဖားကန့်)

hpakant-landslide4

၂ဝ၁၉ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးရှိအမြင့်ပေ ၁၅ဝ ကျော် ရှိသည့် ကျောက်တောင်ကမ်းပါး ပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဇော်မိုးထက်(ဖားကန့်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက အမြင့်ပေ ၁၅၀ ကျော်ရှိတဲ့ ကျောက်တောင်ကမ်းပါး မနေ့က နေ့လယ်မှာ ပြိုကျခဲ့တာကြောင့် ကျောက်စိမ်းတူးနေသူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ကျောက်စိမ်းတူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ ကုမ္ပဏီ ၂ ခုအကြားမှာ ကျန်ရှိတဲ့ ကျောက်တောင်နံရံအောက်မှာ တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်သူ ၉ ဦး ဝင်ရောက်တူးဖော်နေချိန်မှာ တောင်ကမ်းပါးပြိုကျပြီး အဲဒီထဲက ၆ ဦး သေဆုံးခဲ့တာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က RFA ကို အတည်ပြုပြောပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို မနေ့က ညနေပိုင်းမှာ ရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး ဖားကန့်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဦးကျော်စွာအောင်က ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း ဟိုပင်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွေကနေ လာရောက် ကျောက်တူးကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာမှာ မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒီနှစ်အတွင်း အခုချိန်ထိ ဖားကန့်မြို့နယ်မှာ မြေစာပုံ ပြိုကျမှု၊ ကျောက်တောင်ကမ်းပါး ပြိုကျမှုတွေကြောင့် ကျောက်စိမ်းတူးဖော်သူ ၁၀ ဦးခန့် သေဆုံးခဲ့ရကြောင်းလည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။