နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ဖိလစ်ပိုင်ပြောကြား
2011.04.20
မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့က ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့် တွေ့ဆုံပွဲမှာ Mr. Rosario က အခုလို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ပြောကြားခဲ့သလို မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွက်လည်း အထူးအရေးကြီးပြီး၊ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကို ပြန်လွှတ်ပေးရေး စဉ်းစားဖို့ ဦးဝဏ္ဏမောင်လွင်ကို Mr. Rosario က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။









