ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ

2021.05.20
ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ကို တွေ့ရစဉ်
-
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နဲ့အတူ လူငယ်သုံးယောက်ကို  ဒီကနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပင်လည်ဘူးနဲ့ မိုင်နှစ်ဆယ်လောက် အကွာက ရွာမှာ ရှောင်နေတာကြာပါပြီ၊ သတင်းပေးကြောင့် ဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
"ပင်လည်ဘူးက ကိုယ်စားလှယ်တွေအားလုံး ၅၀၅ (ခ)နဲ့ အဖွင့်ခံထားရတော့ အကုန် ရှောင်နေကြရတယ်။ အခုလည်း ဒီဖွင့်ထားတဲ့ အမှုကြောင့် ဖမ်းတာနေမှာ" 
 
ပင်လည်ဘူးမြို့နယ်ဟာ အာဏာသိမ်းခါစက စစ်ကောင်စီ အလိုမရှိကြောင်း နေ့စဥ်ဆန္ဒပြခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။
 
ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက လိုက်လံ ဖမ်းဆီး ဖြိုခွင်းတာတွေ များလာတာကြောင့် ဆန္ဒပြတာတွေတော့ မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။