ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နဲ့အတူ လူငယ် သုံးယောက်ကို ဒီကနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ကို တွေ့ရစဉ် -
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နဲ့အတူ လူငယ်သုံးယောက်ကို  ဒီကနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပင်လည်ဘူးနဲ့ မိုင်နှစ်ဆယ်လောက် အကွာက ရွာမှာ ရှောင်နေတာကြာပါပြီ၊ သတင်းပေးကြောင့် ဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
"ပင်လည်ဘူးက ကိုယ်စားလှယ်တွေအားလုံး ၅၀၅ (ခ)နဲ့ အဖွင့်ခံထားရတော့ အကုန် ရှောင်နေကြရတယ်။ အခုလည်း ဒီဖွင့်ထားတဲ့ အမှုကြောင့် ဖမ်းတာနေမှာ" 
 
ပင်လည်ဘူးမြို့နယ်ဟာ အာဏာသိမ်းခါစက စစ်ကောင်စီ အလိုမရှိကြောင်း နေ့စဥ်ဆန္ဒပြခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။
 
ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက လိုက်လံ ဖမ်းဆီး ဖြိုခွင်းတာတွေ များလာတာကြောင့် ဆန္ဒပြတာတွေတော့ မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org