ပအိုဝ်းလက်နက်ကိုင်အဖွဲ့ သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးမည်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ အဖွဲ့က သိမ်းယူထားတဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အတွင်းက မြေယာတချို့ကို အစားထိုးမြေနေရာတွေ ပြန်ပေးမယ်လို့ RFA ကို ပြောပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ပအို်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ အဖွဲ့ကသိမ်းယူထားတဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းက မြေယာတချို့ကို အစားထိုးမြေနေရာတွေ ပြန်ပေးမယ်လို့ RFA ကို ပြောပါတယ်။

တောင်ကြီးမြို့နယ် နားဘောင်ဒေသ ထီဟန်ဆွေးကျေးရွာသားတွေပိုင်ဆိုင်တဲ မြေနေရာတချို့ကို အကွက်ရိုက်ပြီး တစ်လအတွင်း ပြန်ပေးသွားမယ်လို့ PNO တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်လာ က ပြောပါတယ်။

၁၉၉၈ ခုနှစ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က သိမ်းယူထားတဲ့ နားဘောင်ဒေသက လယ်ယာဥယျာဉ်ခြံမြေဧက ၇ဝဝ ကျော်ထဲက ဒေသခံ ၄၆ ဦး တင်ပြတောင်းခံထားတဲ့ မြေနေရာတွေအတွက် အစားထိုးမြေနေရာတွေပေးမှာ ဖြစ်ပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org