ဖါးကန့်မှာ ဆက်ကြေးကောက်သူ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆက်ကြေးငွေကောက် ခံနေသူတစ်ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီး ရမိထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆက်ကြေးငွေကောက်ခံနေသူတစ်ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားပါတယ်။

ဖားကန့်မြို့ Jade City ဟိုတယ်မှာ ငွေကျပ် သိန်းတစ်ရာကျော်နဲ့အတူ ဖမ်းမိတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။

"သူနဲ့အတူတွေ့တာက တယ်လီဖုန်းတွေ နောက်ငွေကြေးကောက်ခံတဲ့ စာရွက်စာတမ်းတွေပေါ့နော်၊ ကောက်ခံ ထားတယ်လို့ ယူဆရတဲ့ငွေကြေးတွေ အဲ့ဒါတွေတွေ့ရှိရတာဖြစ်ပါတယ်၊ စုစုပေါင်း သိန်း ၁ဝဝ ကျော် ရှိပါတယ် ခင်ဗျ၊ လက်ရှိ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားပါတယ်၊ ဒီလိုဖြစ်စဉ်ကတော့ ဒီဘက်ဒေသမှာ မကြာခဏဖြစ်တဲ့ အနေအထားပေါ့နော်၊ ကျနော်တို့ကတော့ သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းတွေ နဲ့ ပေါင်းစပ်ပြီးတော့မှ အမြဲတမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်"

ဖမ်းမိခံထားရသူဟာ ဖားကန့်ဒေသမှာ ရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်ရင်း ၆ ရဲ့ စီးပွားရေးဌာနက ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးကနေတဆင့် ဆက်သွယ်ဆောင် ရွက်သွားမယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က အတည်ပြုပြောပါတယ်။

ဖားကန့်မြို့နယ်မှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေ၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ ကွမ်းယာဆိုင်စသဖြင့် စီးပွားရေးလုပ်ကိုင်နေသူတွေ အားလုံးဟာ ကေအိုင်အေကို ဆက်ကြေးငွေပေးဆောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org