ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို AA အဖွဲ့ ပြန်ပို့

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ရခိုင်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ရာမှာ ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို မြောက်ဦးဆေးရုံကို မနေ့ညပိုင်းက လာရောက်ပို့ဆောင်ခဲ့ကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ရခိုင်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ရာမှာ ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို တွေ့ရစဉ် Photo: Nyo Nyo - facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ရခိုင်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက် ရာမှာ ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို မြောက်ဦးဆေးရုံကို မနေ့ညပိုင်းက လာရောက်ပို့ဆောင် ခဲ့ကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

AA အဖွဲ့က ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို မနေ့ည ၁၂ နာရီကျော်လောက်က မြောက်ဦးဆေးရုံ ကနေ အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ပြန်လည်ပို့ဆောင်လိုက်ကြောင်း မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်မင်းဦးက RFA ကို ပြောပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ဖမ်းဆီးသွားတာ မဟုတ်ဘဲ တိုက်ပွဲကြားမှာ ပိတ်မိနေတာကြောင့် AA အဖွဲ့က ကယ်ထုတ်သွားခဲ့တာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရဲတပ်ဖွဲ့ မိသားစု ဝင်တွေကို တန်ဆာခံ အနေနဲ့ ခေါ်ဆောင်သွားပြီးမှ ကယ်ထုတ်သွားတယ်ဆိုပြီး အကြောင်းပြတာဖြစ်ကြောင်း ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့ မနက်အစောပိုင်းအထိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကို AA အဖွဲ့က အင်အားသုံး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာရာမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင် ၁ ဦး၊ ကလေးသူငယ် အရွယ် ယောက်ျားလေး ၁ ဦးနဲ့ မိန်းကလေး ၂ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် Facebook စာမျက်နှာကနေ ဧပြီလ ၁၀ ရက်နေ့ ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး ၂၄ နာရီခန့်အကြာမှာ အခုလို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org