ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တွေကို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကိုပြောင်း

2016-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ စာပေးပို့ထားပါတယ်။

ဒီလိုလွှဲပြောင်းပေးဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ပေမယ့် လတ်တလော လိုအပ်ချက်အရပဲ ညွှန်ကြားစာ ထုတ်ထားတာ ဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

"အမှန်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှရမယ်လေ၊ ဖွဲ့စည်းပုံမှာက  နဂိုရှိရင်းစွဲအတိုင်းပါတာကိုး၊ ဖွဲ့စည်းပုံ ကိုကတော့ ပြင်ဖို့ လိုတာပေါ့၊  လောလောဆယ် အခြေအနေအရ လိုအပ်ချက်ကြောင့်လို့ ပဲ ပြောရမှာပေါ့"

အခုလွှဲပြောင်းပေးလိုက်တဲ့ ဌာနတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေက ဘယ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်စေမလဲဆိုတာကို အသေးစိတ်ညွှန်ကြားရမှာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲ ရွေးချယ် ခန့်အပ်ရတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဟာလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်အောက်မှာပါ ၀င်နေတာ ဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

နဂိုထဲကရှိပီးသားပါ

ရှင်း၂လေးပါ ပြည်နယ်နှင့်တိုင်း မှာတာဝန်ထမ်းဆောင်နေတဲ့ ပြည်ထဲရေးကဝန်ထမ်းတွေကို အခြားဝန်ကြီးဌာနတွေလို
သက်ဆိုင်ရာပြည်နယ်တိုင်းအစိုးရအဖွဲ့ ကိုတွဲဖက်တဲ့သဘောလို သုံးသတ်ရပါတယ်။ အင်အားကတော့သက်ဆိုင်ရာဝန်ကြီး
ဌာနမှာပဲရှိပါတယ်။ အခုလည်း လက်ရှိပြည်ထဲရေးအပါအဝင်အခြားဝန်န်ကြီးဌာနကဝန်ထမ်းအားလုံးကတိုင်းပြည်နယ်အစိုးရအဖွဲ့ ရဲ့ အောက်မှာလုပ်ငန်းတွေကိုအထောက်ကူပြု
ဆောင်ရွက်နေပါတယ်။သီးခြားမရှိပါဖူး။Dual Reporting System ပါ။

Aug 28, 2016 11:02 PM

အမည်မဖော်လိုသူ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမရှိသေးပဲ အရပ်ဖက် အုပ်ချုပ်ရေးအောက်ကို လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်တဲ့ ရဲတပ်ဖွဲ့ကို ပြောင်းလဲ အုပ်ချုပ်စေခြင်းကို တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များအနေနဲ့ အထူးသတိထား အုပ်ချုပ်တတ်ဖို့လိုပါမယ်။
လက်ရှိ အစိုးရရဲ့ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအားလုံး အနေဖြင့် ဦးစွာပထမ လက်နက်ကိုင်တပ်ဖွဲ့ များရဲ့ စည်းမျဉ်းစည်းကမ်း အုပ်ချုပ်ရေးယန္တား စနစ်တို့ကို တိကျစွာလေ့လာဖို့ လိုပါတယ်။ မှားယွင်းစွာ အမိန့်ပေခြင်း နှင့် အုပ်ချုပ်ရေးယန္တယားကို မှားယွင်းစွာ အုပ်ချုပ်မိပါက - ကာကွယ်ရေးဝန်ကြီးဌာနမှ တသက်တာအတွက် ပြန်လည်တာဝန်ယူသွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ ဖြစ်နိုင်ပါက ၎င်း လက်နက်ကိုင်ရဲတပ်ဖွဲ့ မှ အရာရှိဟောင်းကြီးများအား အကြံပေးအဖြစ် အကူအညီတောင်းခံသင့်ကြောင်းတင်ပြပါသည်။

Aug 28, 2016 10:00 AM

ဆိုက်တခုလုံးသို့