ရွာသားသတ်တဲ့ ဗိုလ်ကြီးအမှု စစ်ဖက်ဆိုင်ရာ ကိုလွှဲပြောင်း

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်း ဝကျေးရွာမှာ ဒေသခံ နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်ဖက်ဆိုင်ရာ ခုံရုံးထံ လွဲှပြောင်းပေးလိုက်ကြောင်း ရေးမြို့နယ် ရဲမှူး ဦးမြင့်သော် က ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် မန်ကျည်းချောင်းဝကျးရွာက ပစ်သတ်ခံခဲ့ရတဲ့ ဒေသခံနှစ်ဦးအတွက် ၁ လပြည့် ဆုတောင်းပွဲ ကို ရေးမြို့ ရွှေစံတော်ဘုရားမှာ ဧပြီလ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ် Photo: Kyaw Htoon Naing/RFA

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်းဝကျေးရွာမှာ ဒေသခံ နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် ကို စစ်ဖက်ဆိုင်ရာခုံရုံးထံ လွဲှပြောင်းပေးလိုက်ကြောင်း ရေးမြို့နယ် ရဲမှူး ဦးမြင့်သော် က ပြောပါတယ်။

ကြိုတင်ကြံစည်မှုမရှိဘဲ မှားယွင်းပစ်ခတ်မိတာလို့ ထွက်ဆိုထားတဲ့အတွက် အမှုပြောင်းဖွင့်ထားပြီး စစ်ဖက်ကို လွဲှပေးလိုက်တယ်လို့ ရေးမြိုနယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်သော် က ပြောပါတယ်။

"အခင်းဖြစ်တဲ့အချိန်မှာ လူမှားပြီးတော့ ပစ်ခတ်တယ်ပေါ့၊ ပြီးမှသူမှားပစ်မှန်းသိတာပေါ့၊ ကျနော်တို့က ၃၀၄ နဲ့တော့ဖွင့်ထားတယ်၊ တပ်ဖက်ဆိုင်ရာကို ကျနော် တို့ပြန်လွှဲထားပြီးပြီ၊ စစ်ဖက်ဆိုင်ရာဥပဒေနဲ့ ပြန်အရေး ယူမှာပေါ့၊ သူကကြိုတင်ကြံစည်မှု တော့မရှိဘူး၊ ဘာလို့လဲဆိုတော့ သူကလည်းဝန်ခံတာကိုး"

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ပင်လယ်ပြင် အသွားမှာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် က ကိုမိုးကို သေနတ်နဲ့ ပစ်ခတ်တာဖြစ်ပြီး ကိုချစ်စိုးက အော်ဟစ် အကူအညီ တောင်းတာကြောင့် ကိုချစ်စိုးကိုပါ သေနတ်နဲ့ပစ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံ တံငါသည်နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် ကြည်လွင်နဲ့ ပုလောပလောက် တပ်ရင်း ၂၉၀ တပ်ရင်းမှူးတွေ က သေဆုံးသူ နှစ်ဦးရဲ့မိသားစုတွေထံ ထောက်ပံ့ကြေး အဖြစ် ငွေကျပ် ၅သိန်းစီ၊ ဆန် ၂အိတ်စီနဲ့ ဆီ၂ပုံးစီ ပေးအပ်ခဲ့ပါတယ်။

ဒေသခံနှစ်ဦးသေဆုံးတဲ့အမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ မွန်ပြည်သစ်အပါအဝင် မွန်အမျိုးသားပါတီ၊ မွန်လူငယ် အဖွဲ့စတဲ့ အရပ်ဖက်အဖွဲ့တွေကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ စာပို့တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org