ရှစ်လေးလုံးနောက်ပိုင်း အကျဉ်းသားဘဝနဲ့ သေဆုံး ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုမည်


2017.02.14
8888-620.jpg ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့မှာ ၂ဝ၁၆ ခုနှစ်က ပြုလုပ်ခဲ့စဉ်
Photo: RFA

၁၉၈၈ အရေးအခင်းနောက်ပိုင်း အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ အကျဉ်းသားဘဝနဲ့ သေဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပွဲကျင်းပဖို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်နေပါတယ်။

ဘယ်လို ဂုဏ်ပြုပွဲလုပ်မယ်ဆိုတာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေနဲ့ တိုင်ပင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ဌေး က ပြောပါတယ်။

"၈၈ နောက်ပိုင်းပေါ့ဗျာ အကျဉ်းစခန်းတွေ အကျဉ်းထောင်တွေမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေစာရင်းကို မြို့နယ်အလိုက်ရှိရင် တင်ပြပေးဖို့ စာထုတ်ထားတာပါ သူတို့ကိုဂုဏ်ပြုပွဲလုပ်ဖို့ ရည်ရွယ်ထားတယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်"

အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ချုပ်နှောင်ခံထားရစဉ် သေဆုံးသွားသူတွေရဲ့ စာရင်းကို မြို့နယ်အလိုက် ပြုစုဖို့ ညွှန်ကြားထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထားတင်ပြပေးဖို့ အသိပေးထားတယ်လို့ ဦးမြင့်ဌေး က ပြောပါတယ်။

လက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၈၄ ဦး ကျန်နေသေးပြီး၊ တရားရင်ဆိုင်နေရသူပေါင်း ၁၄၀ ကျော်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။