နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတောင်းဆို
2012.05.17
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၉၀၀) ကျော် ကျန်ရှိနေပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာမြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥရောပသမဂ္ဂ နဲ့ အမေရိကန် ပြည်ထောင်စုတို့ဆီက ရရှိတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စာရင်းမှာ ပါဝင်သူ အများစုကို ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သူတွေက တချို့ကတော့ ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန်က သင့်တော်တဲ့ အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။









