ဆုတောင်းပွဲတက်မယ့် ကက်သလစ်ဘာသာဝင်တွေ ရန်ကုန်ရောက်

2017-11-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လာရောက်တဲ့ ကက်သလစ်ဘာသာဝင်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လာရောက်တဲ့ ကက်သလစ်ဘာသာဝင်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့နဲ့ ၀တ်ပြုဆုတောင်းဟောပြောပွဲကို တက်ရောက်ဖို့အတွက် ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကနေ လာရောက်တဲ့ ကက်သလစ်ဘာသာဝင် တစ်ထောင်ကျော်ဟာ ဒီကနေ့မနက်အစောပိုင်း က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကက်သလစ်ဘာသာဝင် ၃သိန်းလောက်နဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။

မြစ်ကြီးနားကနေ ရန်ကုန်ကိုလာဖို့အတွက် မြန်မာ့မီးရထားက မြစ်ကြီးနား-ရန်ကုန် အစုန်-အဆန် အထူးရထား ကို ပြေးဆွဲပေးထားတယ်လို့ သိရပါတယ်။

ကက်သလစ်ဘာသာဝင် ဂိုဏ်းချုပ်ဆရာတော်တွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ကလည်း ရန်ကုန်မြို့မှာ နေထိုင်ဖို့ အတွက် နေရာစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ကနေ လာရောက်ကြသူတွေဟာ ပုပ်ရဟန်းမင်းကြီးကို ငြိမ်းချမ်းရေးတရား ဟောပြောစေချင် သလို မြန်မာပြည်ငြိမ်းချမ်းရေးရရှိအောင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပေးစေချင်တယ် လို့ ပြောကြပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့တွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၇သိန်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့