ပုပ်ရဟန်းမင်းနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့မည်


2017.11.22
pope-francis-622.jpg ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပုံ
.

မြန်မာပြည်ကို သွားရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  နေပြည်တော်မှာ နိုဝင်္ဘာ ၂၈ နေ့ တွေ့ဆုံပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၃ဝ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ ဗာတီကန်နန်းတော် က ကြေညာပါတယ်။

အခုလို ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဖို့ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်မောင်ဘိုက အကြံပြုခဲ့တာ ကို နှစ်ဦးလုံးက လက်ခံခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သွားရောက်ပြီး ရိုဟင်ဂျာမွတ်စလင်တချို့နဲ့ ဒါကာမြို့မှာ ဒီဇင်္ဘာ ၁ ရက်နေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မူလအစီအစဉ်မှာ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို တွေ့ဆုံဖု့ိမရှိဘဲ အခုမှ ထပ်မံထည့်သွင်းခဲ့တာဖြစ်တယ်လို့လည်း ဗါတီကန်ပြောခွင့်ရပုဂ္ဂိုလ် Greg Burke ဂရက် ဘာ့ခ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။