PPST အဖွဲ့ကနေ KNU နုတ်ထွက်တာကို ယာယီဆိုင်းငံထားဖို့ ဆုံးဖြတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ နုတ်ထွက်စာတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို နုတ်ထွက်ခွင့်မပေးဘဲ ယာယီဆိုင်းငံ့ထားဖို့ ဒီနေ့ကျင်းပတဲ့ ညီလာခံမှာ ဆုံးဖြတ်လိုက်ကြပါတယ်။

အပစ်ရပ် ၁၀ ဖဲ့ွ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၂၀၁၉၊ မေ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ် Photo: Aung Moe Myint/ RFA

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ နုတ်ထွက်စာတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို နုတ်ထွက်ခွင့်မပေးဘဲ ယာယီဆိုင်းငံ့ထားဖို့ ဒီနေ့ကျင်းပတဲ့ ညီလာခံမှာ ဆုံးဖြတ်လိုက်ကြပါတယ်။

လေးကြိမ်မြောက် ကျင်းပတဲ့ PPST ထိပ်သီးခေါင်းဆောင်းများအစည်းအဝေးမှာ KNU နုတ်ထွက်စာတင်ထားတဲ့ကိစ္စကို ဆိုင်းငံထားဖို့အပြင် ညီလာခံကို လာမည့် နှစ်လအတွင်းမှာ ဒုတိယပိုင်းအဖြစ် ဆက်လက် ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မနေ့က ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ KNU အဖွဲ့က PPST အဖွဲ့ကနေ နုတ်ထွက်စာတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကိစ္စကို နောက်တစ်ကြိမ် ညီလာခံမှ ဆက်လက်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပဒိုစောတာဒိုမူး က RFA ကို ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ NCA အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငါးရက်ကြာ အစည်းအဝေးကျင်းပရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်းအစည်းဝေး PPCM အဖြစ် ပြောင်းလဲဖို့ဆိုပြီး ဆွေးနွေးခဲ့ကြရာကနေ သဘောထားကွဲလွဲကြတာလို့ သိရပါတယ်။

PPST အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရနဲ့ နှစ်ဖက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုဆွေးနွေးနိုင်လိမ့် မယ်လို့ ယုံကြည်ကြသူတွေရှိသလို PPCM လို့ ပြောင်းလဲဖွဲ့စည်းလိုက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ထိ ရောက်တဲ့ဆွေးနွေးမှုတွေကို ဦးဆောင်နိုင်မယ့် ခေါင်းဆောင်မျိုး ပါဝင်လာဖို့ လိုလားသူတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့်နဲ့ ကိုကျော်သူတို့ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org