0:00 / 0:00
အဲဒီ ဗွီဒီယိုမှတ်တမ်းထဲမှာ စစ်အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် DKBA ဘက်က ၂ ဦး သေဆုံးသွားတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ DKBA က သူ့ကို ဖမ်းလိုက်တာ ဖြစ်ကြောင်း ဗိုလ်ကြီးသက်နိုင်က ရှင်းပြပါတယ်။ ဒါ့အပြင် အဖမ်းခံထားရစဉ် ကာလအတွင်း သူ့စိတ်ခံစားချက်နဲ့ စစ်သုံ့ပန်း ဖြစ်ခဲ့ရတဲ့ သူ့အပေါ်ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်လို့လည်း ပြောပြပါတယ်။ အဲဒီထဲက အကြောင်းချင်းရာတချို့ကို ကောက်နှုတ်ပြီး RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ်။
