ကရင်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး ရန်ကုန်မှာဆွေးနွေး

ကရင်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံ တစ်ရပ်ကျင်းပနိုင်ဖို့ ကရင်လူထု နဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို "ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ"က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ခဝဲခြံမျက်မမြင် ကျောင်းဝင်းထဲမှာ ဒီကနေ့ကျင်းပပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းဝင်းထဲမှာ ဇူလိုင်လ ၁၃ ရက်နေ့ကကျင်းပတဲ့ ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ် photo: Facebook

ကရင်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကျင်း ပနိုင်ဖို့ ကရင်လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို " ကရင်အမျိုးသား စည်းလုံးရေးနဲ့ငိမ်းချမ်းရေးကော်မတီ " က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ဲခြံမျက်မမြင် ကျောင်းင်းထဲမှာ ဒီကနေ့ ကျင်းပပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အနယ်နယ်အရပ်ရပ်က ကရင်တမျိုးသားလုံးပါင်နိုင်ရေးအတွက်ကိုးပမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာန်ကြီး ဦးစောထွန်းအောင်မြင့်က RFA ကို ပြောပါတယ်။

"ငြိမ်းချမ်းရေးအတွက်ပေါ့နော်၊ ညီလာခံတစ်ခု ကျနော်တို့လုပ်မှာပါ၊ အဲဒါကို သူတို့က အားပေးထောက်ခံတဲ့ သဘောဆောင်ရွက်တာပါ၊ အခုကျန်တဲ့တိုင်းဒေသတွေမှာ အောက်ခြေလူထုကို ချပြပြီးတော့ ရှင်းလင်းပြီးတော့ အားလုံးသဘောပေါက်နားလည်သွားအောင် ပြန်လုပ်ဖို့အစီအစဉ်တွေ ကျနော်တို့လုပ်နေတာပါ၊ ဒီလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးသွားပြီဆိုရင်တော့ ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်းရေးညီလာခံကြီးကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပါတယ်"

ဒီကော်မတီကိုပီးခဲ့တဲ့မတ်လက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီလိုပွဲမျိုးတွေကို ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ဒေသတွေမှာ ဆက်လက်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ကရင်လူထုတစ်ရပ်လုံး အစိုးရနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားငိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကိစ္စတွေမှာ ပါင်တယ်ဆိုတာကို ပြသနိုင်ဖို့ရည်ရွယ်ပြီး ကျင်းပတာလို့လည်း ဒီပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူသတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org