သမ္မတဦးထင်ကျော်နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေး

2016-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့ မေလ ၃ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံနေစဉ်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့ မေလ ၃ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံနေစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့ဟာ သမ္မတ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံပြီး သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဂျပန်လုပ်ငန်းရှင်တွေ ဆက်လက်ရင်းနှီး မြှုပ်နှံရေးအပါအ၀င် အချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်နေမှုကို စောင့်မျှော်နေကြောင်းနဲ့ မြန်မာ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံက မိတ်ဖက် အနေနဲ့ ဆောင်ရွက်ပေးသွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ဒုတိယကမ္ဘာစစ် အတွင်း ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေရဲ့အရိုးရှာဖွေ ကောက် ယူခြင်း လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံပြည်သူတွေအကြား အကျိုးစီးပွားမြှင့်တင်ရေး အတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့