သမ္မတနဲ့ ပါတီခေါင်းဆောင် ၄၂ ဦး တွေ့ဆုံ

2015-04-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေ က ခေါင်းဆောင် ၄၂ ဦးတို့ ဧပြီလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံခဲ့စဉ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေ က ခေါင်းဆောင် ၄၂ ဦးတို့ ဧပြီလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံခဲ့စဉ်။
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကို ကျင်းပမှာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတွေက ခေါင်းဆောင် ၄၂ ဦးနဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ ကတိပေးလိုက်ပါတယ်။

နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာကျင်းပတဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ သမ္မတက ပြော ကြားခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောပါတယ်။

"အဓိကတော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးအတွက် သဘောတူညီချက်မူကြမ်းပေါ့နော်၊ သူပြောခဲ့နိုင် ပြီဖြစ်တာကြောင့် တကယ့်ကို လက်မှတ် ထိုးနိုင်အောင်ဝိုင်းဝန်းပြီးမှ ကူညီပေးကြပါ၊ တိုက်တွန်းပေးကြပါ ဆိုတဲ့အခြေအနေ မျိုးပြောသွားပါတယ်၊ ၆ ပွင့်ဆိုင်ကိစ္စလဲသူလက်ခံပါတယ်တဲ့၊ မကြာခင်ဆွေးနွေးပါမယ်တဲ့၊ ရက်ကိုတော့ မပြောခဲ့ဘူးနဲ့တူပါတယ်၊ ကျနော်မကြားလို့လားတော့မသိဘူး"

အဲဒီ တွေ့ဆုံပွဲကို မူလက ခေါင်းဆောင် ၄၈ ဦး တက်ရောက်ဖို့ ဖိတ်ကြားထားတာလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ အပါအ၀င် ၆ ဦး တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်တဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးကြတာဖြစ်ပါတယ်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဒီတွေ့ဆုံပွဲအပြီး သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ RFA သတင်းထောက် ကိုဝင်းနောင်တိုးကို ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA ရုံးချုပ်ကနေ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

'Hello' , 'Hi' , 'How are you?'
“နေကောင်းတယ် နော်”
“အညာဆီရော”
'No. 6 , My number, Lucky number '
“၆ ပွင့်ဆိုင် လုပ်ပေးမယ်နော်”

Apr 08, 2015 04:46 PM

ဆိုက်တခုလုံးသို့