အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ သမ္မတလက်မှတ်ရေးထိုး အတည်ပြု

လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန်ပုံ photo: President Office Website

လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အခုလို ဥပဒေအတည်ဖြစ်သွားတဲ့အတွက် အဂတိလိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့နိုင်ငံအတွက် နာမည်ကောင်းဖြစ်အောင်ပြန်လုပ်ဖို့ အခွင့်အလမ်းပေါ် လာပြီဖြစ်သလို၊ ဒီအတွက်လည်း သမ္မတကို ကျေးဇူး တင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဌ ဦးသိန်းညွန့် က ပြောပါတယ်။

လာဘ်ပေးလာဘ်ယူဆိုတာ ငွေပေးတာလေးပဲပါမှာကိုး၊ တကယ်တန်းကျတော့ ခန္ဓာကိုယ်ပေးခြင်းပေါ့ ဒီလိုနည်းနဲ့ ယူခြင်းလည်းပါတာကိုး၊ ဒါကြောင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်ရင် ဒီအမည်ကိုမှတ်ချက်ပေးခဲ့တဲ့ သမ္မတရဲ့အမျှော်အမြင်ကို ကျနော်ချီးကျူးပါတယ်၊ သမ္မတကြီးက အခုချိန်မှာ ဒီဥပဒေကို အာဏာတည်မြဲတဲ့အမိန့် ထုတ်ပြန်လိုက်တယ်ဆိုတာကတော့ ကျနော်တို့တိုင်းပြည်အတွက် အကျင့်ပျက်နေတဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ပြောရရင် ဒီနေ့ ၁၅ဝဝ ဖုန်းကို အလွဲသုံးစားလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို အရေးယူနိုင်တော့မှာဖြစ်တဲ့အတွက် ဒီနေ့ထုတ်ပြန်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျနော်ကြိုဆိုထောက်ခံပါတယ်”

ဒီဥပဒေကို ပြီးခဲ့တဲ့နှစ်တွေမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဆိုတဲ့အမည်နဲ့ လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သမ္မတရဲ့အကြံပြုချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် သတ်မှတ်ခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org