လယ်သမား အခွင့်အရေးဥပဒေ သမ္မတ လက်မှတ်ရေးထိုးပြဌာန်း


2013.10.12

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်ပါတယ်။

အဲဒီ ဥပဒေမှာ တောင်သူတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်စေမယ့် အချက်တွေမပါရှိပေမယ့် အကျိုးစီးပွားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အချက်တွေအတွက်တော့ နည်းဥပဒေမှာ ဘယ်လိုပြဌာန်းသွားမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့  လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာန်ခံ ကိုမျိုးသန့်က ပြောပါတယ်။

ဥပဒေမှာ တောင်သူလယ်သမားတွေ အရင်းအနှီးရရေးအတွက် အစိုးရက သင့်တင့်တဲ့ချေးငွေတွေနဲ့ အကူအညီပေးသွားဖို့၊ လယ်ယာထွက်ကုန် ရောင်းချတဲ့အခါမှာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဈေးကွက်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးသွားဖို့နဲ့ သဘာဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေအတွက် ကူညီထောက်ပံ့တာတွေ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးဖို့ဆိုတဲ့ အချက်တွေ ပါင်ပါတယ်။

မူလဥပဒေကြမ်းမှာ ပညာရှင်တွေနဲ့ တောင်သူလယ်သမားတွေ မလိုလားကြတဲ့ ကောက်ပဲသီးနှံ ယ်ယူရေးအဖွဲ့ဆိုတာ မပါင်တော့တဲ့အတွက် လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ဖို့ အစိုးရက အကူအညီပေးသွားမယ်လို့ပဲ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။