တောရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှု တားဖို့ သမ္မတပြော

တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝသစ်ပင် ပန်းပင်တွေ တရားမဝင် ကုန်သွယ်မှုဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေ တယ်ဆိုတာကို သတိထားမိစေဖို့ အလေးပေးဆောင် ရွက်မှာဖြစ်သလို တရားမဝင်ရောင်းဝယ် ဖောက် ကားနေတာတွေကိုလည်း လုံးဝလက်ခံမှာမဟုတ်ဘူး လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားစဉ် Photo: Myo Thant Khaing/RFA

တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝသစ်ပင် ပန်းပင်တွေ တရားမဝင် ကုန်သွယ်မှုဟာ   ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်ဆိုတာကို သတိထားမိစေဖို့ အလေးပေးဆောင်ရွက်မှာဖြစ်သလို တရားမဝင်ရောင်း ဝယ် ဖောက်ကားနေတာတွေကိုလည်း  လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့  ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

အဲ့ဒီအခမ်းအနားကို နိုင်ငံတော် သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်က ကော်မတီဝင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ကတော့ "တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်း တိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဖြစ်ပါတယ်။

သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်မှုတွေ လျှော့ချပေးနိုင်ဖို့ အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်မျှာ်လင့်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ အခုရက်ပိုင်းတွေအတွင်း အရင်အစိုးရလက်ထက် က ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စလိုကြောင်း ပြောလိုက်သလို ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။ မြစ်ဆုံစီမံကိန်းဟာ လက်ရှိအစိုးရသက်တမ်းမှာ ပြန်လည်စတင်လာနိုင်သလားနဲ့ ပြန်လည်စတင် လာမယ်ဆိုရင် အများပြည်သူတွေက လက်ခံလာနိုင်သလားဆိုတာ လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org