လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့

မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံး၀ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2012-01-25
Share
burma-press-censorship-b305 ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖော်ပြထားသည့် ပြည်တွင်းထုတ် ဂျာနယ်ကို ရန်ကုန်မြို့လယ်ရှိ ဈေးတစ်ခုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းဈေးသည်တစ်ဦးက ရောင်းချနေစဉ်။
AFP

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်နဝါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ စာနယ်ဇင်းတွေ အနေနဲ့ ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် အပါအဝင် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။

စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေနဲ့ အာအက်ဖ်အေ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Anonymous says:
2012-01-25 16:22

အလွန်ကောင်းမွန်ပါတယ်။ကြိုဆိုပါတယ်။ဖြစ်သင့်တာကကြာခဲ့ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။