ထောင်ဆူပူမှုတွေ စုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံး ထုတ်ပြန်ကြေညာ

2019-05-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အကျဉ်းထောင်ဆူပူမှုနဲ့ ပတ်သက်ပြီး ၂၀၁၉ မေ ၉ ရက်နေ့က သမ္မတရုံး သတင်းထုတ်ပြန်စဉ်
အကျဉ်းထောင်ဆူပူမှုနဲ့ ပတ်သက်ပြီး ၂၀၁၉ မေ ၉ ရက်နေ့က သမ္မတရုံး သတင်းထုတ်ပြန်စဉ်
Photo: myanmar president office

ပြီးခဲ့တဲ့ ၂ ရက်အတွင်း အကျဉ်းထောင်တချို့မှာ အကျဉ်းသားတွေ ဆူပူခဲ့ကြတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက်တစောင် မနေ့ညနေက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ မေလ ၈ ရက်နေ့က ကလေးနဲ့ ဘားအံ၊ ၉ ရက်နေ့က ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနဲ့ ပုသိမ်အကျဉ်းထောင်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီ ဆူပူမှုတွေမှာ ထောင်အသီးသီးက အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေ ထပ်တူထပ်မျှဖြစ်မှု၊ ဆူပူမှုတွေကို အကျဉ်းသားတွေက လက်ကိုင်ဖုန်းနဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်လွှင့်တင်ခဲ့မှုတွေရှိခဲ့တဲ့အတွက် ချိတ်ဆက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ သုံးသပ်ကြောင်း၊ ဒါကြောင့် အဲဒီ ဆူပူမှုတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးရေးအတွက် သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ကျန်းမာရေးမကောင်းသူတွေ၊ အမျိုးသမီးနဲ့ ကလေးတွေကို ရွေးချယ်လွှတ်ပေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါရှိပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Such investigations are called "reactive or responses". There is an important question i.e. " is this ( prisoners release )program well planned in the first place or not? If not, prisons staff surely will manipulate the ( release ) list.

May 10, 2019 03:48 AM

ဆိုက်တခုလုံးသို့