အစိုးရ ဝါဒဖြန့် ကြွေးကြော်သံများ တက္ကသိုလ် စာစီစာကုံးခေါင်းစဉ် အဖြစ်သုံး

မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာ တက္ကသိုလ်တွေရဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေမှာ ဖြေဆိုရမယ့် အက်ဆေး စာစီစာကုံး ခေါင်းစဉ်တွေဟာ စစ်အစိုးရရဲ့ ဝါဒဖြန့် ကြွေးကြော်သံတွေ ဖြစ်နေတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေ စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

2010.08.12
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခုလ ၁၆ ရက်နေ့ စတင်မယ့် စာမေးပွဲတွေအတွက် ကြိုတင်ထုတ်ပေးထားတဲ့ မေးခွန်းခေါင်းစဉ်တွေအဖြစ် စစ်အစိုးရရဲ့ ဝါဒဖြန့် ကြွေးကြော်သံ ခေါင်းစဉ် ၁၁ခုကို ချမှတ်ထားတယ်လို့ ကျောင်းသား တယောက်က ပြောပါတယ်။

“ဒီခေါင်းစဉ် ၁၁ ခုကို ချထားပေးခဲ့တာပေါ့။ ဒါပေမဲ့ ဒီခေါင်းစဉ်တွေကို ကြည့်ပြီးတော့ သူငယ်ချင်းတွေ အတော်များများက စိတ်ညစ်နေကြတယ်။ မန္တလေး နည်းပညာတက္ကသိုလ်က သူငယ်ချင်းတွေဆိုရင် သူတို့ဆီမှာ ချပေးတာ နှစ်ပတ်လောက် ရှိပြီလို့ ပြောတယ်။”

အခုချမှတ်လိုက်တဲ့ အင်္ဂလိပ်စာ အက်ဆေးခေါင်းစဉ်တွေထဲမှာ ပြည်ထောင်စု စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်၊ နည်းပညာမှတဆင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသော နိုင်ငံတော် တည်ဆောက်ရေး။ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာအရည်အချင်း မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စတဲ့ ခေါင်းစဉ်တွေ ပါဝင်ပါတယ်။

အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအနေနဲ့ ဒီလိုခေါင်းစဉ်တွေနဲ့ အရင်က သင်ကြားဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့် အခက်တွေ့နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

cheap cialis
2022-05-02 13:36

tadalafil cialis https://cialisicp.com/