ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည် ရိုက်နှိပ်ရေးအဆို ဆွေးနွေးခွင့်မရ


2013-09-12
Share
kyat_bundle_305px.jpg မြန်မာငွေစက္ကူ တစ်ထောင်တန်အုပ်ကို တွေ့မြင်ရစဉ်
Photo: RFA

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ငွေစက္ကူတွေ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဒီနေ့ဆွေးနွေးခဲ့ရာမှာ အစည်းအဝေးတက်ရောက်သူ ၁၂၃ ဦးအနက် ၂ ဦးပဲ ထောက်ခံတဲ့အတွက် ဆွေးနွေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ  ပြန်လည်ထုတ်ဝေရေး အတွက် အမျိုးသားဒီမိုကရေစီသစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့တာပါ။

လက်ရှိထုတ်ဝေနေတဲ့ ငွေစက္ကူတွေမှာ ပါတီတစ်ခုကို ကိုယ်စားပြုတဲ့ ခြင်္သေ့ပုံတံဆိပ်ကို ရိုက်နှိပ်ထားတာဟာ မသင့်တော်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းပုံ ကို ငွေစက္ကူတွေပေါ်မှာ ပြန်လည်ရိုက်နှိပ်သင့်ကြောင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရဲ့ အဆိုဟာ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စရပ်ဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပုတ်ခတ်ပြောဆိုတဲ့ သဘောဖြစ်နေတယ်လို့ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးအဆိုကို မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲမရရှိခဲ့တာကြောင့် ဆက်လက်ဆွေးနွေးခွင့် မရခဲ့တာဖြစ် ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံငွေစက္ကူတွေ ပြန်လည်ပုံနှိပ်ထုတ်ဝေရေး အဆိုတင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့