ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပြည်လုံးမှာ ကန့်ကွက်သွားမယ်လို့ USDP ပြော


2019-06-29
Share
child-law-protest-mdy-622.jpg မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုး မြို့နယ်ရုံးမှာ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားကို ၂၀၁၉၊ ဇွန် ၂၉ ရက်နေ့က ကျင်းပစဉ်
Photo: Khaymani Win/ RFA

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ကန့်ကွက်ရှုတ်ချတာတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးလုပ်ဆောင်သွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ရုံးမှာ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမူကြမ်းမှာ လိုအပ်ချက်တွေရှိနေသေးတာမို့ ပြန်လည်ပြင်ဆင်ပေးဖို့အတွက် အခု လိုကန့်ကွက်ရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း နေပြည်တော်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပ ခဲ့ပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့