မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြ

0:00 / 0:00

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်ကြောင်း လူ ၅၀ လောက်က ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဖျား မေခနဲ့မလိခမြစ်ဆုံရာမှာ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှစ်စစ်စီမံကိန်းကို လုံးဝကန့် ကွက်ကြောင်းနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြချိန်မှာ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ကိုဟန်ဝင်းအောင် က တရုတ်နိုင်ငံအလံကို ထုတ်ကိုင်ချိန်မှာတော့ ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေကို ပုသိမ်၊ ပြည်နဲ့ အခြားမြို့တွေမှာလည်း ပြုလုပ်သွားမယ်လို့ ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး နဲ့ ကိုအောင်သိင်္ခ ပေးပို့တာပါ။