ဝမ်ပေါင်ကုမ္ပဏီရှေ့ မှာ ဒေသခံတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကနေ ကြေးနီသတ္တုကို ဒီနေ့စတင် ထုတ်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ကြေညာထား တာကြောင့် ဒေသခံ ၁ဝဝ လောက်က ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ လက်ပံတောင်း ဒေသခံတွေကို မေလ ၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ တားဆီးနေစဉ် Photo: Red Human (facebook)

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီသတ္တုကို ဒီနေ့စတင် ထုတ်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ကြေညာထားတာကြောင့် ဒေသခံ ၁ဝဝ လောက်က ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေသွားရောက်ဆန္ဒပြတာကို လုံခြုံရေးရဲတပ်ဖွဲ့က ၃ ဆင့် ပိတ်ပင်တားဆီးခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ တုံရွာသူ မမာချိုက ပြောပါတယ်။

"ယနေ့အခြေအနေက သူတို့ကြေညာထားတဲ့ ၅၊ ၅၊ ၂ဝ၁၆ နေ့မို့ ဝမ်ပေါင်ရုံးဆီ သွားကန့်ကွက်တာပါ၊ ကနေ့တားထားတာက သုံးဆင့်တားထားပါတယ်၊ မုံရွာ-ပုသိမ်လမ်းဆုံမှာ တစ်နေရာ၊ ဝမ်ပေါင်ကုမ္ပဏီ ဆက်ဆံရေးရုံးမှာ တစ်နေရာ၊ ဝမ်ပေါင်ကုမ္ပဏီ အလုပ်ဝင်တဲ့တစ်နေရာ သုံးဆင့်တားထားပါတယ်၊ ကျမတို့ နှစ်ဆင့်ဖောက်ဝင်ပြီး ဝမ်ပေါင်အလုပ်ဝင်တဲ့နေရာမှာ သူတို့က သံတံခါးတွေနဲ့ သော့ခတ်ထားလို့ ကျမတို့က အနောက်ပြန်ဆုတ်လာတာပါ"

ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသတ္တုကို မေလ ၅ ရက်နေ့ စတင်ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကြေညာ ခဲ့တာဖြစ်တဲ့အတွက် ကြေးနီထုတ်လုပ်မှုမလုပ်ဖို့ မနေ့ကစတင်ပြီး ကုမ္ပဏီရှေ့မှာ ဒေသခံတွေက ဆန္ဒပြနေကြ တာဖြစ်ပါတယ်။

ကြေးနီထုတ်လုပ်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း အကြောင်းကြားစာကို ဒေသခံတွေက ဆားလင်းကြီး မြို့နယ်က အုပ်ချုပ်ရေးမှူးရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံ ပေးပို့ ထားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org