စာရင်းစစ်ချုပ်နဲ့ ရှေ့နေချုပ်တွေ အတည်ပြု
ပြည်ထောင်စုဝန်ကြီးအသစ် နှစ်ဦး နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင် စု ရှေ့နေချုပ်တို့ကို ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် ဒီနေ့ အတည်ပြု လိုက်ပါတယ်။
-
2016-04-05 -
-
-
ပြည်ထောင်စုဝန်ကြီးအသစ် နှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ် တို့ကို ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် မနေ့က အဆိုပြုတင်သွင်းသူ ၄ဦးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုကြောင်း နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့ပါတယ်။
"သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ပြည့်စုံမှုမရှိကြောင်း သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၄ ရက် ၄ လ ၂၀၁၆ ရက် တနင်္လာနေ့ ညနေ ၆ နာရီနောက်ဆုံးထား ပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါတယ်၊ ကန့်ကွက်လိုတဲ့ အမည်စာရင်းပေးပို့ရန် နောက် ဆုံးသတ်မှတ်ချိန်ထိ ကန့်ကွက်ချက် တစ်စုံတရာမရှိတဲ့အတွက် လွှတ်တော်ကသဘောတူကြောင်း ကြေညာ ပါတယ်"
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်း တို့ကို အတည်ပြုခန့်အပ်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် ဦးမော်သန်း တို့ကို အတည်ပြုခဲ့ပါတယ်။
ဒီနေ့ အတည်ပြုလိုက်တဲ့ ဝန်ကြီးသစ် ၂ ဦး ၊ ရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ်တို့ဟာ မနက်ဖြန် ပြည်ထောင်စုလွှတ်တော် မှာ ကတိသစ္စာပြုမှာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၂၁ ခုအတွက် ဝန်ကြီး ၂၀ ဦးက တာဝန်ယူ ဆောင်ရွက်မှာဖြစ် ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေး နဲ့ သမ္မတရုံးဝန်ကြီးဌာနကို ပူးတွဲ တာဝန်ယူထားပါတယ်။