နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလကိုယ်စားလှယ် တောင်းဆို


2013.10.10

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၅၆ ယောက်ကို မြန်မာအစိုးရသစ်က အင်္ဂါနေ့က ပြန်လွှတ်ပေးလိုက်တဲ့အပေါ်  ကြိုဆိုကြောင်း၊ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်တွေနေရာမှာ ခံဝန်ချက် နှောင်ကြိုးတွေပါနေတာ၊ နောက်ထပ် အဖမ်းအဆီးတွေ ရှိနေသေးတာတွေကြောင့် စိုးရိမ်ကြောင်း မစ္စတာ Quintana က ပြောကြားပါတယ်။

အခု နောက်ဆုံးပြန်လွှတ်လိုက်သူတွေဟာ အရင် စစ်အစိုးရလက်ထက်က မတရား ဖမ်းဆီးခံထားရသူတွေဖြစ်ကြောင်း၊ အခုလို ပြန်လွှတ်ပေးတာဟာ သူတို့နဲ့ သူတို့မိသားစုတွေအတွက်သာမက မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက်ပါ အရေးကြီးကြောင်း၊ ပြန်လွှတ်ပေးသူတွေကို နေရာပြောင်းရွေ့နေထိုင်ခွင့်မပြုတာ၊ အစိုးရဝန်ထမ်း လုပ်ခွင့်မရတာ၊ မှတ်ပုံတင်နဲ့ သက်မွေးဝမ်းကျောင်းလိုင်စင်တွေ သိမ်းယူထားတာစတဲ့ ကန့်သတ်ချုပ်ချယ်ထားတာတွေ ရုတ်သိမ်းပေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Quintana က  တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။