တပ်မတော် ၂၅ ရာခိုင်နှုန်းကြောင့် အဟန့်အတား ဖြစ်စေတယ်လို့ မစ္စတာ ကင်တားနားပြော

2014-05-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
photo: RFA/ Nay Thwae

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ကို တားဆီးပိုင်ခွင့် ဗီတိုအာဏာပေးထား တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမူဖြစ်စဉ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် ကင်တားနားက ပြောဆိုလိုက်ပါတယ်။

လွတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲကအချက်တွေ ပြင်ဆင်ရေးအပြင် ဒေါ်အောင် ဆန်းစုကြည် သမ္မတ အဖြစ် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးနိုင်ဖို့အတွက် စစ်တပ်ကို ဗီတိုအာဏာ အပ်နင်းထားသလို ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုမေလကုန်မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

ကြည့်သောသူ

နရေပျ- မြင်၏

တကယ်တော့ လွှတ်တော်မှာ စစ်ယူနီဖောင်းဝတ် ၂၅% ကပဲ အများမြင်သာပေါ်လွင်နေတာပါ။ စစ်ယူနီဖောင်းချွတ် ၅၀% က “ကိုယ်ဖျောက်”ထားလို့ မမြင်ကြရပါဘူး။

May 25, 2014 01:57 PM

aung oo

ကင်တားနားပါးစပ် ပိတ်ထားရင်ကောင်းမယ်
ဘာမှဝင်စွပ်ဖက်စရာမလိုဘူး

May 25, 2014 09:29 AM

native

နေရပ်- burma

Quantana you duty is human right you wouldn't be critical to government. you do your jobs and they do their jobs. all result will be coming soon.

May 24, 2014 06:54 PM

ဆိုက်တခုလုံးသို့