ရခိုင်ဝန်ကြီးချုပ် လျာထားပြီး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပု ကို လျာထားကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြား လိုက်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ကို လျာထားကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက် တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးအောင်၊ ဦးဝင်းမြင့် တို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ ၃၀ရက်နေ့မှာ ကျင်းပမယ့် အစိုးရတာဝန် လွဲှပြောင်းရေးအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတအိမ်တော်မှာ ကျင်းပလိုပြီး အန်အယ်လ်ဒီဘက်က လွှတ်တော်ဝင်းထဲမှာကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မတ်လ ၃ဝ ရက်နေ့မှာ သမ္မတအိမ်တော်မှာ စောင့်ဆိုင်းနေမှာဖြစ်ပြီး သမ္မတအသစ်က သွားရောက်နှုတ်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org