သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၁၀ ဦးအထိရှိနေ

2019-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ဖက်ကျွန်း မီးပြတိုက်အနီးမှာ နစ်မြုပ်ခဲ့တဲ့ ဆင်ပြောင်သင်္ဘောပေါ်က လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မာန်အောင်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ ၂၀၁၉ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထွက်ခွာသွားစဉ်
လက်ဖက်ကျွန်း မီးပြတိုက်အနီးမှာ နစ်မြုပ်ခဲ့တဲ့ ဆင်ပြောင်သင်္ဘောပေါ်က လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မာန်အောင်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ ၂၀၁၉ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထွက်ခွာသွားစဉ်
Photo: Rakhine Fire Force FB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာနဲ့ ရေမိုင် ၅ မိုင်လောက်အကွာက လက်ဖက်ကျွန်း မီးပြတိုက် အနီးမှာ မနေ့က မနက်ပိုင်းက ဆင်ပြောင်သင်္ဘော နစ်မြုပ်ခဲ့ရာမှာ လူ ၈ ဦးရဲ့ အလောင်းကို ဒီနေ့ ရှာဖွေတွေ့ရှိ ထားတဲ့အတွက် သေဆုံးသူ ၁၀ ဦးအထိရှိနေပြီလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဲဒီသဘောင်္ပေါ်မှာ လူ ၂၅ ဦး လိုက်ပါခဲ့ပြီး လက်ဖက်ကျွန်းမီးပြတိုက်ရဲ့ မြောက်ဘက်အရောက်မှာ ရာသီဥတု ဆိုးရွားတဲ့အတွက် သင်္ဘောနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

မနေ့က အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပျောက်ဆုံးသူ ၈ ဦး ကျန်နေပါတယ်။

အဲဒီသင်္ဘောဟာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သင်္ဘောဖြစ်ပြီး မီးပြတိုက်တွေ၊ ရေလမ်းကြောင်း ဗော်ယာတွေကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ဖို့ မာန်အောင်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

မာန်အောင်ကျွန်းမီးပြတိုက် ပြုပြင်ဆောင်ရွက်ပြီး ရေယာဉ်ဝန်ထမ်း ၂၄ယောက်နဲ့ ဒေသခံဝန်ထမ်း တစ်ဦးဟာ လက်ဖက်ကျွန်းမီးပြတိုက်အနီး ကျောက်ချရပ်နားစဉ်မှာ လှိုင်းပုတ်ရိုက်ခတ်ပြီး နစ်မြုပ်သွားတာလို့ သိရပါတယ်။

လတ်တလောမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံလူမှုရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ထွေအုပ်နဲ့ ရေတပ် က ဆောင်ရွက်နေပြီး မနက်ဖြန်မှာ သင်္ဘောနစ်မြုပ်တဲ့နေရာမှာ ရှာဖွေရေးတွေ ထပ်မံပြုလုပ်သွားမယ် လို့လည်း ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့  ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သန်း က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့