ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်ရာနီးပါးအထိ ရှိလာ

2021.07.24
ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်ရာနီးပါးအထိ ရှိလာ ကိုရိုနာပိုးတွေ့လူနာများထားရှိတဲ့ စစ်တွေပြည်သူ့ဆေးရုံကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၊ သေဆုံးသူ အရေအတွက်ဟာ တစ်နေ့တခြား တိုးလာနေပြီး မနေ့က ညနေပိုင်းအထိ သေဆုံးသူ ၉၃ ဦးအထိ ရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ မေလကစလို့ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး မနေ့ကအထိ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ ရက်နေ့ အထိ သေဆုံးသူ ဦးရေ ၈၁ ဦးရှိခဲ့ပြီး တစ်ရက်အတွင်းမှာ သေဆုံးဦးရေ ၁၂ ဦးအထိ တိုးလာတာကြောင့် သေဆုံးသူ ဦးရေဟာ တစ်ရာနီးပါးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။

မနေ့သေဆုံးခဲ့တဲ့သူတွေဟာ စစ်တွေမြို့က လေးဦး၊ တောင်ကုတ်မြို့က နှစ်ဦးနဲ့ မောင်တော၊ သံတွဲ၊ မင်းပြား၊ ကျောက်ဖြူ၊ အမ်းနဲ့ မာန်အောင်စတဲ့ မြို့နယ်တွေက တစ်ဦးစီနဲ့ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်မှာ အခုလို ကိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ၊ သေဆုံးမှုတွေ တိုးလာတာကြောင့် ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စလို့ သြဂုတ်လ ၄ ရက်နေ့အထိ အချိန်နှစ်ပတ်အတွင်း အိမ်ထဲမှာပဲ နေထိုင်ကြဖို့ Stay at Home ကာလ အဖြစ် သတ်မှတ်ထားပြီး မလိုက်နာတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစလို့ မနေ့ကအထိ ပိုးတွေ့လူနာပေါင်း ၂၀၂၇ ဦးနဲ့ သေဆုံးသူ ၉၃ ဦး အထိရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။