ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ ညမထွက်ရ အမိန့် သက်တမ်းတိုးမြှင့်

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က RFA ကို ပြောပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က စစ်တွေမြို့ မော်လိပ်လမ်းတွင် အထွေထွေဦးစီးဌာနမှ ယာဉ်တစ်စီးက ညမထွက်ရအမိန့်အား လိုက်လံ အသိပေး ကြေညာနေသည်ကို တွေ့ရစဉ်။ RFA

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

မြို့နယ် ၆ ခုမှာ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့် ထပ်မံသက်တမ်းတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက အခုလို ပြောပြပါတယ်။

"ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့အခါမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်တွေမှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရကို ထပ်ပြီးတော့ သက်တမ်းတိုးတယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်မှာလည်း ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်"

ပြီးခဲ့တဲ့ ၂၁၂ ဇွန်လတွင်းကစလို့ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထပ်မံတိုးလိုက်တာဖြစ်ပါတယ်။

စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေမှာတော့ မနေ့က ဇွန်လ ၁ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org