သံတွဲပဋိပက္ခ အဖြစ်မှန်ပေါ်လာရေး ရခိုင်အမတ်များ လွှတ်တော်မှာ တင်ပြမည်


2013.10.09

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ဇာစ်မြစ်နဲ့  အဖြစ်မှန် ပေါ်ပေါက်ရေးတွေအတွက် ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်တင်ပြသွားဖို့ရှိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပါတီ တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

RNDP ပါတီရဲ့  စုံစမ်းစစ်ဆေးမှုအရ ဖမ်းဆီးခံထားရတဲ့သူတွေဟာ အထောက်အထားမရှိဘဲ ဖမ်းဆီးခံထားရတာတွေဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့မှာပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကိုပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်အပါအဝင် ၆ ဦးဟာ သံတွဲမြို့နယ် RNDP ပါတီဥက္ကဌ ဦးစောလှိုင်အပါအဝင် ရခိုင်တိုင်းရင်းသားတွေကို အစိုးရက ဖမ်းဆီး စစ်ဆေးနေတာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်နေ့ကနေ ဒီကနေ့ ၉ ရက်နေ့အထိ သွားရောက်စုံစမ်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့က သံတွဲမြို့ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးအပါအဝင် ခေါင်းဆောင် ၄ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေ၊ သံတွဲမြို့ပေါ်က ဆရာတော်ကြီးတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။