ရခိုင်မှာ ရေဘေးကြောင့် ခြောက်ဦးသေဆုံးပြီး ဒုက္ခသည်တွေ အရေးပေါ်အကူအညီလိုနေ

RFA Burmese
2023.08.14
ရခိုင်မှာ ရေဘေးကြောင့် ခြောက်ဦးသေဆုံးပြီး ဒုက္ခသည်တွေ အရေးပေါ်အကူအညီလိုနေ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
ERRCA

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအစောပိုင်းက မိုးအဆက်မပြတ်ရွာပြီး ရေကြီးနစ်မြုပ်ခဲ့လို့ အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)က ဩဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရေဘေးသင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ တောင်ကုတ်မြို့နယ်တွေက ရွာပေါင်း ၃၉၀ က နေအိမ် ၂၈,၀၀၀ ကျော် ရေလွှမ်းခံခဲ့ရသလို စပါးစိုက်ပျိုးထားတဲ့ လယ်ဧက ခုနစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ AA က ပြောပါတယ်။

ဒီအပြင် သောက်သုံးရေကန် ၈၅ ကန် ပျက်စီးခဲ့သလို ကျွဲ၊နွားတစ်ရာကျော် သေဆုံးသွားခဲ့ ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်းတိုင်းကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ဒေသခံတွေဟာ သြဂုတ်လအတွင်းမှာလည်း ရေကြီးနစ်မြုပ်မှုနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအနေနဲ့ ဒေသခံတွေကို လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့ပေးဖို့ AA က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။