ရခိုင်ပြည်နယ် ပဋိပက္ခ OIC ဆွေးနွေးမည်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆ လင်တွေရဲ့ အခြေအနေနဲ့ပတ်သက် ပြီး ဆွေးနွေးကြဖို့ မလေးရှား အစိုးရ ရဲ့တောင်းဆိုချက်ကြောင့် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ကွာလာလမ်ပူမြို့မှာ အထုူး စည်းဝေးပွဲကျင်းပမယ်လို့ OIC က ကြေညာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar (ဝဲစွန်)နဲ့အဖွဲ့ ၂ဝ၁၄ ခုနှစ် စက်တက်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ ECC ရုံးမှာ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့ မလေးရှား အစိုးရ ရဲ့တောင်းဆိုချက်ကြောင့် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ကွာလာလမ်ပူမြို့မှာ အထူးအစည်းဝေးပွဲကျင်းပမယ်လို့ OIC က ကြေညာပါတယ်။

စည်းဝေးပွဲမှာ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာကူညီတဲ့ အထောက်အပံ့တွေ ပေးပို့ခွင့်ပြုဖို့၊ အကြမ်းဖက် မှုတွေဖြစ်ပွားရတဲ့ အကြောင်းရင်းဇစ်မြစ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ဒုက္ခသည်တွေ ကိုယ့်နေရပ်ကို ဂုဏ်သိက္ခာရှိရှိ စိတ်ချလက်ချ ပြန်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာဖို့ OIC နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရကို တိုက်တွန်းရေး ဆွေးနွေးကြမယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း နယူးယောက်၊ ဂျီနီဗာနဲ့ ဘရပ်ဆဲမြို့တွေမှာရှိတဲ့ အစ္စလာမ်မစ်အဖွဲ့တွေ ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org