ယာယီလက်မှတ် ကိုင်ဆောင်သူ မဲပေးခွင့်ကို ဆန္ဒပြမည်

2015-02-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးဖို့  ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်တာကို  အခုလ ၁၅ရက်နေ့မှာ ရခိုင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြမယ်လို့ ရခိုင်အမျိုးသားပါတီက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်မှာ ကျင်းပ တဲ့ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြော ပါတယ်။

"လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ တပြိုင်တည်းပေါ့နော်၊ ကျနော်တို့ ဝှိုက်ကဒ်ကိုင်ဆောင်သူ နိုင်ငံသားဟုတ် မဟုတ် မသိသေးတဲ့သူတွေကို မဲပေးခွင့်ပြုတဲ့ကိစ္စကိုကျနော်တို့ လူထုအားနဲ့ဆန့်ကျင်ဆန္ဒ ဖော်ထုတ်ဖို့ ပါတီ ကသီးသန့်ဦးဆောင်ပြီးတော့လည်းကောင်း၊ မြို့နယ်အလိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ လည်းကောင်းဆန္ဒပွဲတွေပြုလုပ်သွားမယ်လို့ ဆုံးဖြတ်ပါတယ်၊ ဆန္ဒထုတ်ဖော်တယ်ဆို တာ ပြည်သူလူထုဟာ အမှန်ကိုအမှန်တိုင်း ဖြစ်ဖို့အတွက် စောင့်ကြည့်နေတယ်၊ ကျနော်တို့ဖိအားပေးတယ်ဆိုတာပြတာပါ "

အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုဖို့ ဒီလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုခွင့်ပြုလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေကို ချိုးဖောက်မှုရှိ မရှိ ဆုံးဖြတ်ပေးဖို့အတွက် ရခိုင် အမျိုးသားပါတီက လွှတ်တော်ကိုယ်စား လှယ်တွေ အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ တင်သွင်းထားပါတယ်။

ကွန်မင့်များ (2)
Share

mumu

နေရပ်- dagon

yakine , kalar arlone luu dway bei. Stop dawtha!

Apr 18, 2015 11:37 AM

Taing Yin Thar

နေရပ်- Myanmar

ကဲ ရခိုင် ဆရာတွေ ကုလားကို ဘယ်သူတွေ သွင်းခဲ့သလဲ ဘယ်သူတွေ အသုံးချသလဲ ဘယ်သူတွေက ကာကွယ်နေသလဲ ဆိုတာ သဘော ပေါက်နော်။ ဒေါ်စု ကို ဇွတ်အတင်း စွပ်စွဲ တာတွေ ၇ပ်သင့်ပါပြီ။

Feb 09, 2015 07:23 PM

ဆိုက်တခုလုံးသို့