နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီ အာရေးဗီးယား၊ ဂျာမနီ၊ ပါကစ္စတန် စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို လာရောက်လေ့လာတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးများနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ တွေ့ဆုံပွဲကို ဇူလိုင်လ ၇ ရက်နေ့ကတွေ့ရစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေ ကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီအာရေးဗီးယား၊ ဂျာမနီ၊ ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက်လေ့လာ ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေ ရဲ့ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို အဓိက လာရောက်လေ့လာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြော ပါတယ်။

"အခုက သူတို့ မောင်တော မီးလောင်တဲ့နေရာကို သွားတယ်၊ တချို့ကလည်း မရောက်ဖူးတဲ့သူတွေ ပါတာကိုး၊ ဗန္ဓုလရွာကိုသွားတာကို သူတို့ကတော့ ဒီကဒုက္ခသည်တွေကို ရေရှည်ဘယ်လိုလုပ်မလဲ ဆိုတာက အဓိကပါ"

အဲဒီသံအရာရှိတွေကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ မောင်တောမြို့နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် မနက်ဖြန်မှာလည်း တခြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org