ရခိုင်ပြည်နယ်အတွင်းက ကုလ ဝန်ထမ်းတွေ ဘေးကင်းရာရွှေ့ပြောင်း

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေကြောင့် မောင်တောမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂဝန်ထမ်းနဲ့ မိသားစုတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။

မောင်တောမှာ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း စစ်တွေမြို့ကိုခေါ်ယူတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ-

"မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေအရ အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းနဲ့မိသားစုတွေကို ခေတ္တ နေရာပြောင်းရွှေ့တာပါ။ အဲဒီမှာအခြေစိုက်တဲ့ ကုလသမဂ္ဂရုံးမှာ ဝန်ထမ်း ၁၅၂ ဦးထဲက ယာယီပြောင်းရွှေ့လိုသူတွေကို ရွှေ့ပေးနေပါတယ်။ အခုအထိ ၄၄ ဦး စတင်ရွှေ့နေပြီ " လို့ ပြောပါတယ်။

ပထမအသုတ်က တနင်္ဂနွေနေ့၊ ဒုတိယအသုတ်က ဒီကနေ့ စတင်ထွက်ခွာနေကြရာမှာ စစ်တွေကတဆင့်ရန်ကုန်ကို ပြန်ကြမယ်လို့သိရပါတယ်။ ဒီအတောအတွင်း ပြည်နယ်အတွင်း သွားလာတဲ့ ခရီးသည်တင်ယာဉ်များကို အသွားအလာ ပိတ်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org