ကိုဖီအာနန် ကော်မရှင်အဖွဲ့ ဝင်တွေ ကျောက်ဖြူနဲ့ ရမ်းဗြဲက ဒုက္ခသည်စခန်းတွေကို သွားရောက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ ရမ်းဗြဲ မြို့က ကမန်တိုင်းရင်းသားဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်တွေ ကျောက်ဖြူနဲ့ ရမ်းဗြဲက ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ က တွေ့ဆုံနေစဉ် Photo: U Tin Hlaing Win

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကျောက်ဖြူမြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့က မွတ်ဆလင်တွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့အတွက် ဒုက္ခသည်စန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ ကမန်တိုင်းရင်းသား ဒုက္ခသည်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ကော်မရှင်အဖွဲ့ဟာ ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ကမန်တိုင်းရင်းသား ဒုက္ခသည်စခန်းက ကမန်တိုင်း ရင်းသားတွေနဲ့လည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ကမန်ဒုက္ခသည်စခန်းဟာလည်း ၂၀၁၂ ခုနှစ်က ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးခဲ့သူတွေ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ကမန်တိုင်းရင်းသားတွေက သူတို့ရဲ့ မူလမြေနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိဖို့ တင်ပြခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဒေသခံအရပ်ဖက်အဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org