ဗီဒီယိုနှင့် ဓါတ်ပုံရိုက်ခွင့်ရရှိဖို့ ဆန္ဒပြ

2014-02-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များအသင်း ဆန္ဒပြနေစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များအသင်း ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှာ မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်မယ့် ၁၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခွင့် တင်ဒါကို ရန်ကုန်က ဓါတ်ပုံဆရာတွေကို ချပေးလိုက် တာကြောင့်  ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယို ပညာရှင်များအသင်း  ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များအသင်း က စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် တင်ဒါအောင်ခဲ့ပေမဲ့ တင်ဒါစိစစ်ရေးအဖွဲ့က ရန်ကုန်ကအဖွဲ့ကို ခွင့်ပြုပေးလိုက်တာလို့ ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယို ပညာသည်များအသင်းရဲ့ နာယကဖြစ်သူ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များ ညီညီညာညာ ညီညီညွတ်ညွတ်နဲ့ အသင်းအဖွဲ့အစည်း လုပ်ထားပြီးတော့ ၁၁ ကြိမ်မြောက် တင်ဒါပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ ကျနော်တို့က တင်ဒါမှာနိုင်ရဲ့သားနဲ့ အထက်က တင်ဒါမှာရှုံးတဲ့သူကို မျက်နှာလိုက်ပြီး ပေးလိုက်တဲ့အတွက် အဲလိုမတော်မတရား ဆုံးဖြတ်ခဲ့တာကို ကျနော်တို့က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ဆန္ဒပြရခြင်ဖြစ်ပါတယ်”

စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခွင့်ကို အရင်တုန်းက ဒေသခံတွေ လုပ်ကိုင်ခွင့်ရခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ရန်ကုန်ကအဖွဲ့တွေကိုသာ ခွင့်ပြုပေးခဲ့တာလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ကွန်မင့်များ (4)
Share

BA..RKHI

နေရပ်- US

ရခိုင်ပညာရှင်တွေက လူမဟုတ်လို့ လား။
မတရားမှူတွေ ဟူသမျှ ဖေါ်ထုတ်ဖို့ လိုတယ်။

Feb 13, 2014 01:01 PM

(

This is unfair and stupid decision, pls look at the local photographers who need to survive in this region.

Feb 10, 2014 09:22 PM

သိနေတယ်

နေရပ်- မြင်နေကျ

ထစ်ကနဲ ဆို ရခိုင်ပြည်နယ်ကချည်း ဖြစ်နေတယ် နော်။
“တိုက်ဆိုင်မှု”လား ။ တမင် တိုက်ဆိုင်အောင်လုပ်နေတာလား။ မျက်မှောက် အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဘာမှ အတိမ်းအစောင်း မခံဘူးဆိုတာ အားလုံးက သတိချပ်သင့်ပါပြီ။
“ဖြစ်ပြီ” ဆိုတာနဲ့ ပြည်ပက ၀င်မလား ၊ စစ်တပ်က ၀င်မလား
.. (သိတယ် နော်။ သူများဆင်တဲ့ အကွက်ထဲ ၀င်မိတာ ကိုယ်ညံ့ လို့။)

Feb 10, 2014 01:23 PM

အမည်မဖော်လိုသူ

“ရိုက်စား”ဆိုတာ ကြားဖူးတယ် ဟုတ်။
မြန်မာပြည်မှာ တင်ဒါစနစ်ဟာ “လာဘ်စား”ခြင်း တမျိုးပါပဲ။ ချုပ်ငြိမ်းသင့်တဲ့အရာထဲမှာ တခုအပါအ၀င်ပါ။

Feb 10, 2014 01:18 PM

ဆိုက်တခုလုံးသို့