အိုအိုင်စီ လာရောက်မှု ဘူးသီးတောင်အခြေစိုက် ပါတီအဖွဲ့အစည်းတွေ ကန့်ကွက်

အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း လာရောက်မှုအပေါ် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ခမီးအမျိုးသားများ တိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၂ ခုအပြင် သံဃာတော်တွေနဲ့ လူမှုအဖွဲ့အစည်း ၅ ခု စုပေါင်းပြီး မနေ့ကရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း လာရောက်မှုအပေါ် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ခမီးအမျိုးသားများ တိုးတက်ရေးပါတီစတဲ့ နိုင်ငံရေးပါတီ ၂ ခုအပြင် သံဃာတော်တွေနဲ့ လူမှုအဖွဲ့အစည်း ၅ ခု စုပေါင်းပြီး မနေ့ကရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သဘောထားကြေငြာချက် ထုတ်ပြန်ရာမှာပါဝင်တဲ့ ဘူးသီးတောင်မြို့နယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌဖြစ်သူ ဦးထွန်းအောင်သိန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ သဘာထားကြေညာချက် ထုတ်ပြန်တာကတော့ အိုအိုင်စီ မြန်မာနိုင်ငံထဲ ဝင်ရောက်ပြီးတော့ မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မယ့် အလားအလာတွေကိုမြင်နေလို့ ကျနော်တို့က ဒီမြန်မာ့နိုင်ငံရေးကို လာပြီးတော့ ဝင်ရောက်စွက်ဖက်မှုမရှိနိုင်အောင် သဘောထားထုတ်ပြန်တာဖြစ်ပါတယ်”

အဲဒီသဘောထားကြေငြာချက်ထဲမှာ အိုအိုင်စီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း မွတ်စလင်တိုင်းပြည် ထူထောင်ရေးကို နောက်ကွယ်က ကြိုးကိုင်ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့ သုံးသပ်ကြောင်း၊ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံသားတွေက မွတ်စလင်တွေကို အကြမ်းဖက်နေသယောင် အိုအိုင်စီအဖွဲ့က ပုံဖော်ပေးနေတယ်လို့ ယုံကြည်မိကြောင်း၊ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမှုအပြင် မြန်မာနိုင်ငံအတွင်းရုံးစိုက်ပြီး အကူအညီပေးလိုမှုတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းစတဲ့ အချက် ၁၀ ချက်ပါဝင်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီအတောအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း အိုအိုင်စီအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org