အထပ်မြင့်တွေ ပြန်လည်ဆောက် လုပ်ခွင့်ရမည်

ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အဦး ၁၃၀ ကျော် ထဲက ၁၂၀ ကျော် ကို နိုဝင်ဘာလ အတွင်း ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်လို့ ရန်ကုန် မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက် မှု စိစစ်ရေးကော်မတီ ကပြောပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဆောက်အအုံတစ်ခုပုံ .

ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အဦး ၁၃၀ ကျော်ထဲက ၁၂၀ ကျော် ကို နိုဝင်ဘာလ အတွင်း ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်လို့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက် အအုံများ တည်ဆောက် မှုစိစစ်ရေး ကော်မတီ ကပြောပါတယ်။

ခွင့်မပြုဘဲကျန်နေတဲ့ အဆောက်အဦး ၁၀ လုံးကတော့ တည်နေရာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်နဲ့ ညှိနှိုင်းဖို့ ကျန်ရှိနေတာဖြစ်ကြောင်း ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောပါတယ်။

ဆောက်လုပ်ခွင့်ပြန်လည်ပေးလိုက်တဲ့ အဆောက်အဦးတွေအနေနဲ့ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မ တီတို့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလိုက် နာဆောင်ရွက်ပြီး ဆောက်လုပ်ဖို့ ကော်မတီက စိစစ်ခွင့်ပြုလိုက်တာဖြစ် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်နဲ့ ညီ၊ မညီ စစ်ဆေးဖို့ဆိုပြီး ပြီးခဲ့တဲ့ မေ လကတည်းက တည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

၆ လနီးပါးရပ်ဆိုင်းထားရတဲ့ အဲဒီအဆောက်အဦးတွေကို ကော်မတီကစိစစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီထံတင်ပြထားတာ တစ်လနီးပါး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ စိစစ်ရေးကော်မတီရဲ့ ပြန်လည် ဆောက်လုပ်ဖို့ ခွင့်ပြုချက်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက်ဆောင် ရွက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org